String Theory သည် particle များနှင့် fundamental force များကို တစ်ပေါင်းတစည်းတည်းနှင့် ပုံစံတစ်မျိုးတည်းအဖြစ်ဖော်ပြရန်
ဖော်ထုတ်ခဲ့ကြသော
Theory ဖြစ်သည်။
String Theory ၏သမိုင်းကြောင်းအစ
Newton လက်ထက်က ကြယ်၊ဂြိုလ်များနှင့် အာကာသအတွင်းတည်ရှိနေကြသော အရာများ၏ ရွေ့လျားလည်ပတ်နေကြပုံ နှင့် ကမ္ဘာပေါ်သို့ပြုတ်ကျအရာဝတ္ထုများ ကို ဒြပ်ဆွဲအား gravity ဆိုသော အားတစ်မျိုးဖြင့် ပုံစံသွင်းဖော်ပြခဲ့သည်။
ထို့ပြင်
James Clerk Maxwell ဆိုသူက လျှပ်စစ်နှင့် သံလိုက်ကို တစ်စုတစည်းတည်းနှင့် (electromagnetic
force) အဖြစ်ပုံဖော်နိုင်ခဲ့သည်။
ကာဗွန်အက်တမ်တွင်ပါဝင်သော စွမ်းအားမြင့်ကြိုးမျှင်လေးများအား
သရုပ်ဖော်ပုံ
|
ထိုသို့
အားလေးမျိုးကို
ပေါင်းစည်းနိုင်ခြင်းသည် သိပ္ပံပညာရှင်တို့၏ မျော်လင့်ချက် အိပ်မက်တစ်ခုပင်ဖြစ်သည်။ပေါင်းစည်းနိုင်ရန်လည်းကြိုးစားခဲ့ကြသည်။ Einstein ကစခဲ့တဲ့ ဒီအိမ်မက်ဟာ ၁၉၆၈ ခုနှစ်တွင် ပြန်လည်နိုးထလာခဲ့ပါပြီ။
အီတလီလူမျိုး Gabriele Veneziano လို့ခေါ်တဲ့ကောင်လေးဟာ
စာကြည့်တိုက်မှာ Strong Force ကိုဖော်ပြတဲ့ equation တွေရှာဖွေရာမှာ သချာင်္သမိုင်းကြောင်းဆိုတဲ့စာအုပ်ကို တွေ့သွားပါတယ်။အဲ့ဒီစာအုပ်ထဲမှာ
swiss လူမျိုး Euler ရဲ့ gamma function ကိုသွားတွေ့ပါတယ်။ဒီ function ဟာ strong
force ကိုဖော်ပြရာမှာ အသုံးပြူနိုင်ပါတယ်။ထို့နောက်မှာ Leonard
Susskind ဆိုသော PhD ကျောင်းသားလေးထံ Euler ရဲ့ Gamma Function ရောက်ရှိသွားပါသည်။သူက
ထို function သည် ပို၍ယေဘုယျကြသော သချာင်္တခုခုကိုရည်ညွန်းနေကြောင်းကိုတွေ့ရှိခဲ့သည်။ထို့နောက်မှာ
သူသည် လပေါင်းများစွာ
အဖြေကို တွက်ထုတ်ခဲ့သည်။နောက်ဆုံး အောင်မြင်သွားခဲ့ပြီး ယေဘုယျအကျဆုံး particle တစ်မျိုးကို တွေ့ရှိသွားခဲ့ပါတယ်။ထို့
particle သည်အင်မတန်သေးငယ်ကာ ကြိုးမျှင်ပုံသဏ္ဍာန်ရှိပြီး ကျုံ့နိုင် ဆန့်နိုင်ပါတယ်။သူဟာ အင်မတန် ဝမ်းသာသွားပြီး
သူ၏တွေ့ရှိချက်ကို သိပ္ပံပညာရှင်များထံ စာတမ်းတင်ပြခဲ့ပါတယ်။သို့သော်
ကံအားလျော်စွာဖြင့် သူ၏စာတမ်းသည် ပျယ်ချခြင်းခံခဲ့ရသည်။ထို့ကြောင့်
String Theory သည် ခဏတာမှ မှေးမိန်ပျောက်ကွယ်ခဲ့သည်။နောက်တော့
Quantum Physics
ဘက်မှာ အခြေခံအားသုံးမျိုးရဲ့ ပုံစံတွေကို ရှင်းပြနိုင်ခဲ့ပါပြီ။သက်ဆိုင်ရာ particle တွေဟာ သက်ဆိုင်ရာ အားတွေကို သယ်ဆောင်ကြသည်ဟု ရှင်းပြထားသည်။သို့သော် gravity ကျန်ရှိနေသေးသည်။ gravity ကို Special Relativity မှာတော့ Geometry Property တခုအဖြစ်နဲ့ ဖော်ပြထားပါတယ်။ထို့ကြောင့် အခြေခံအားလေးမျိုးစလုံးပေါင်းစည်းဖို့ရန် အလွန်ခက်ခဲနေပါတယ်။
ထို့ပြင်
Scientists များကလဲ particle အသစ်များကို ထပ်မံတွေရှိနေသောကြောင့် တဖက်တွင်လည်း gravity ကို particle အဖြစ် ဖော်ပြလာခဲ့ကြသည်။gravity ကို graviton ဆိုတဲ့ အမှုန့်လေးက သယ်ဆောင်တယ်ပေါ့။သို့ပေမယ့်
သီအိုရီအဖြစ်သာရှိသေးပါတယ်။သက်သေမပြနိုင်သေးပါ။
Electromagnetic
Force ကို
photon တွေက
သယ်ဆောင်သလို
Strong Force နဲ့ Weak Force ကလဲ nucleus အတွင်းက particles တွေ interaction ဖြစ်ခြင်းကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ထို့ကြောင့် အခြေခံအားလေးမျိုးစလုံးသည်
သေးငယ်သော
particles များ၏
interaction ဖြစ်ခြင်းကြောင့်မဖြစ်နိုင်ပေဘူးလား။
ထို့အချိန်တွင် String Theory လိုက်စားသူ အနည်းငယ်သာရှိတော့သည်။ထို့ကာလအထိ
သဘာဝမကျသော
အဖြေများသာထွက်ရှိနေသည်။ဥပမာ-အလင်းထက်မြန်တဲ့ particle တို့၊ dimention ဆယ်ခုတို့ အဲ့ဒီအချိန်က
မရုံကြည်နိုင်ဖွယ်တွေပေါ့။ ကျတော်တို့နေထိုင်နေတဲ့ dimention ဟာ 4dimension မှာဖြစ်ပါတယ်။ဘာလိုလဲဆိုတော့
အလျား၊အနံ၊အမြင့်ဆိုတဲ့ ရုပ်ဒိုင်းမင်းရှင်းနဲ့ အချိန် time ဆိုတဲ့ ဒိုင်းမေးရှင်း
4ခုပေါင်းထားသောကြောင့်ဖြစ်သည်ဟု သချာင်္ရုပဗေဒပညာရှင်တွေက ရှင်းပြထားပါတယ်။ထို့ကြောင့်
အဲ့ဒီအချိန်က dimention ဆယ်ခုဆိုတာ လက်မခံနိုင်ဖွယ်တွေပေါ့။
၁၉၇၃
ခုနှစ်တွင်
John
Schwarz ဆိုသူက သီအိုရီရဲ့
ညီမျှခြင်းများကို
ချိန်ညှိရင်းမထင်မှတ်ထားသော
String theory ကဖော်ညွန်းသည့် Massless Particle Graviton ကို တွေ့ရှိခဲ့သည်။graviton ဆိုသည်မှာ ရှေ့မှာပြောခဲ့သလို
ဒြပ်ဆွဲအားကို သယ်ဆောင်သောအမှုန်လေးတွေပါ။ကျန်တဲ့ Force သုံးမျိုးနည်းတူ gravity ကိုလဲ graviton က သယ်ဆောင်တယ်ပေါ့။String
တွေဟာ အလွန်သေးငယ်တဲ့ quatuam level တွေမှာ gravity ကိုရှင်းပြနိုင်ရင် ကျန်ရှိသောအားသုံးမျိုးနှင့်ပေါင်းစည်းရန်
လွယ်ကူသောအခြေအနေသို့ရောက်ရှိသွားပြီ ဖြစ်သည်။သို့သော်လည်း သီအိုရီသည် မပြည့်ဆုံးသေးချေ။ဖြေရှင်းဖို့ရန်
အခက်အခဲ များစွာ ကျန်ရှိနေသေးသည်။နောက်တော့၁၉၈၄ခုနှစ် တွင် Schwarz သည် Michael
Green ဆိုသော ပညာရှင်နှင့်တွဲဖက်ပြီး String Theory ကို ပြည့်စုံစွာ တွက်ချက်နိုင်ခဲ့သည်။String Theory မှာမှားယွင်းတဲ့ တွက်ချက်ခြင်း မရှိတော့ပါဘူး။အကုန်လုံးနီးပါး ပြည့်စုံသွားခဲ့ပါပြီ။graviton
ကိုလဲသချာင်္နည်းအရ သက်သေပြနိုင်ပြီပေါ့။
String Theory ၏ဖော်ပြချက်များ
String Theory ၏ ဖော်ပြချက်အရအခြေခံအကျဆုံး အမှုန့်လေးများကို သေးငယ်သောစွမ်းအင်မြင့် ကြိုးမျှင်လေးများ (Planck Length- 10 -33 cm
) ဖြင့် ဖွဲ့စည်းထားသည်ဟုဆိုသည်။ ကြိုးမျှင်လေးများသည် မတူညီသော frequency များဖြင့် ရွေ့လျားသောအခါ မတူညီသော particle များ၏ဂုဏ်သတ္တိကိုဖြစ်ပေါ်စေသည်။ဆိုလိုသည် မှာ
အခြေခံအမှုန်လေးများသည် စွမ်းအင်မြင့်ကြိုးမျှင်လေးများ၏ မတူညီသော တုန်ခါမူကြောင့်ဖြစ်လာသည်ဟုဆိုသည်။
gravity ကိုသယ်ဆောင်သော graviton
သည်
လည်း ထိုသီအိုသီက ဖော်ညွန်းသော massless particle ပင်ဖြစ်သည်။ထို့ပြင်
graviton ၏
wave
amplitude ကို zero အဖြစ်ယူဆထားသည်။အကယ်၍ atom တစ်လုံးကို Mickey Way Galaxy တခုစာ ချဲလိုက်ပါက ထိုကြိုးမျှင်များသည် ကမ္ဘာပေါ်ရှိ ဝါးပင်တစ်ပင်စာလောက်ပင် ရှိပေသည်။ယခုဆိုလျှင်ဤသီအိုရီကြီးသည်
ခန်းနားစွာထွက်ပေါ်ထွက်လာပေသည်။ဤသည်သာ မကသေးချေ နောက်ထပ် ပညာရှင်များ၏ ဝိုင်းဝန်းတွက်ချက်မူကြောင့်
ပုံစံ
၅ မျိုးပင် ကွဲပြားသွားခဲ့သည်။ယင်းတို့သည် - type I, type IIA, type IIB, Heterotic E8 X E8(
or HE), and Heterotic SO(32) (orHO) ဟူ၍ဖြစ်သည်။
ထို့သီအိုရီများထဲတွင် တချို့သည်
သရေကွင်းပုံ
အပိတ် အဖွင့် loop များဖြစ်သော်လည်း တချို့သည်
အပိတ် loop များသာ ဖြစ်သည်ဟု ဆိုသည်။ထိုပြင်
တချို့ သီအိုရီများတွင် dimension 10 ခု ရှိသလို တချို့တွင်
5ခုသာ
ရှိသည်။အတိုင်းထက်အဆုံး
dimension 26 ခု ပင်ပါရှိသော သီအိုရီ
ပါရှိသေးသည်။
ဤသို့
ခွဲထွက်နေသော
သီအိုရီ ၅ ခုနှင့်
gravity တို့ကို မည်သူကများ ပေါင်းစည်းနိုင်မည်နည်း။ထို့ပြင် ထိုရှုပ်ထွေးလွန်းလှသော
သီအိုရီတွေကို
ဘယ်လိုများပေါင်းစည်းမလဲ ဘာတွေများဖြစ်ကုန်မလဲဆိုတာကတော့……………………………….




0 comments:
Post a Comment