Monday, November 24, 2014



String Theory သည် particle များနှင့် fundamental force များကို တစ်ပေါင်းတစည်းတည်းနှင့် ပုံစံတစ်မျိုးတည်းအဖြစ်ဖော်ပြရန် ဖော်ထုတ်ခဲ့ကြသော Theory ဖြစ်သည်။
String Theory ၏သမိုင်းကြောင်းအစ
Newton လက်ထက်က ကြယ်၊ဂြိုလ်များနှင့် အာကာသအတွင်းတည်ရှိနေကြသော အရာများ၏ ရွေ့လျားလည်ပတ်နေကြပုံ နှင့် ကမ္ဘာပေါ်သို့ပြုတ်ကျအရာဝတ္ထုများ ကို ဒြပ်ဆွဲအား gravity ဆိုသော အားတစ်မျိုးဖြင့် ပုံစံသွင်းဖော်ပြခဲ့သည်။
ထို့ပြင် James Clerk Maxwell ဆိုသူက လျှပ်စစ်နှင့် သံလိုက်ကို တစ်စုတစည်းတည်းနှင့်  (electromagnetic force) အဖြစ်ပုံဖော်နိုင်ခဲ့သည်။
ကာဗွန်အက်တမ်တွင်ပါဝင်သော စွမ်းအားမြင့်ကြိုးမျှင်လေးများအား သရုပ်ဖော်ပုံ
နောက်တော့ Einstein ကလဲ သူရဲ့ Special Relativity Theory ကို Electromagnetic  Force  နဲ့ပေါင်းစည်းဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော် သူသာ ကွယ်လွန်သွားခဲ့ပါသည် သက်ဆိုင်သောTheory ကို မဖော်ထုတ်နိုင်ခဲ့ပေ။ ဤကဲ့သို Electromagnetic Force နှင့် Gravityကို တစ်စုတစည်းတည်း ပေါင်းစည်းရန်ကြိုးစားခဲ့သော် လည်းမအောင်မြင်သည် အပြင် နောက်ထပ် Weak Force နှင့် Strong Force တို့ပင်ထပ်မံပေါ်ထွက်လာခဲ့သည်။ထို့ကြောင့် အခြေခံအားလေးမျိုး ကို ပေါင်းစည်းရန် ထပ်မံကြိုးစားရပြန်သည်။
ထိုသို့ အားလေးမျိုးကို ပေါင်းစည်းနိုင်ခြင်းသည် သိပ္ပံပညာရှင်တို့၏ မျော်လင့်ချက် အိပ်မက်တစ်ခုပင်ဖြစ်သည်။ပေါင်းစည်းနိုင်ရန်လည်းကြိုးစားခဲ့ကြသည်။ Einstein ကစခဲ့တဲ့ ဒီအိမ်မက်ဟာ ၁၉၆၈ ခုနှစ်တွင် ပြန်လည်နိုးထလာခဲ့ပါပြီ။ အီတလီလူမျိုး Gabriele Veneziano လို့ခေါ်တဲ့ကောင်လေးဟာ စာကြည့်တိုက်မှာ Strong Force ကိုဖော်ပြတဲ့ equation တွေရှာဖွေရာမှာ  သချာင်္သမိုင်းကြောင်းဆိုတဲ့စာအုပ်ကို တွေ့သွားပါတယ်။အဲ့ဒီစာအုပ်ထဲမှာ swiss လူမျိုး Euler ရဲ့ gamma function ကိုသွားတွေ့ပါတယ်။ဒီ function ဟာ strong force ကိုဖော်ပြရာမှာ အသုံးပြူနိုင်ပါတယ်။ထို့နောက်မှာ  Leonard Susskind ဆိုသော PhD ကျောင်းသားလေးထံ Euler ရဲ့ Gamma Function ရောက်ရှိသွားပါသည်။သူက ထို function သည် ပို၍ယေဘုယျကြသော သချာင်္တခုခုကိုရည်ညွန်းနေကြောင်းကိုတွေ့ရှိခဲ့သည်။ထို့နောက်မှာ သူသည် လပေါင်းများစွာ  အဖြေကို တွက်ထုတ်ခဲ့သည်။နောက်ဆုံး အောင်မြင်သွားခဲ့ပြီး ယေဘုယျအကျဆုံး particle တစ်မျိုးကို တွေ့ရှိသွားခဲ့ပါတယ်။ထို့ particle သည်အင်မတန်သေးငယ်ကာ ကြိုးမျှင်ပုံသဏ္ဍာန်ရှိပြီး ကျုံ့နိုင် ဆန့်နိုင်ပါတယ်။သူဟာ အင်မတန် ဝမ်းသာသွားပြီး သူ၏တွေ့ရှိချက်ကို သိပ္ပံပညာရှင်များထံ စာတမ်းတင်ပြခဲ့ပါတယ်။သို့သော် ကံအားလျော်စွာဖြင့် သူ၏စာတမ်းသည် ပျယ်ချခြင်းခံခဲ့ရသည်။ထို့ကြောင့်  String Theory သည် ခဏတာမှ မှေးမိန်ပျောက်ကွယ်ခဲ့သည်။နောက်တော့
Quantum Physics ဘက်မှာ အခြေခံအားသုံးမျိုးရဲ့ ပုံစံတွေကို ရှင်းပြနိုင်ခဲ့ပါပြီ။သက်ဆိုင်ရာ particle တွေဟာ သက်ဆိုင်ရာ အားတွေကို သယ်ဆောင်ကြသည်ဟု ရှင်းပြထားသည်။သို့သော် gravity ကျန်ရှိနေသေးသည်။ gravity ကို Special Relativity မှာတော့ Geometry Property တခုအဖြစ်နဲ့ ဖော်ပြထားပါတယ်။ထို့ကြောင့် အခြေခံအားလေးမျိုးစလုံးပေါင်းစည်းဖို့ရန် အလွန်ခက်ခဲနေပါတယ်။
ထို့ပြင် Scientists များကလဲ particle အသစ်များကို ထပ်မံတွေရှိနေသောကြောင့် တဖက်တွင်လည်း gravity ကို particle အဖြစ် ဖော်ပြလာခဲ့ကြသည်။gravity ကို graviton ဆိုတဲ့ အမှုန့်လေးက သယ်ဆောင်တယ်ပေါ့။သို့ပေမယ့် သီအိုရီအဖြစ်သာရှိသေးပါတယ်။သက်သေမပြနိုင်သေးပါ။
Electromagnetic Force ကို photon တွေက သယ်ဆောင်သလို Strong Force နဲ့ Weak Force ကလဲ nucleus အတွင်းက particles တွေ interaction ဖြစ်ခြင်းကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ထို့ကြောင့် အခြေခံအားလေးမျိုးစလုံးသည် သေးငယ်သော particles များ၏ interaction ဖြစ်ခြင်းကြောင့်မဖြစ်နိုင်ပေဘူးလား။
ထို့အချိန်တွင် String Theory လိုက်စားသူ အနည်းငယ်သာရှိတော့သည်။ထို့ကာလအထိ  သဘာဝမကျသော အဖြေများသာထွက်ရှိနေသည်။ဥပမာ-အလင်းထက်မြန်တဲ့ particle တို့၊ dimention ဆယ်ခုတို့ အဲ့ဒီအချိန်က မရုံကြည်နိုင်ဖွယ်တွေပေါ့။ ကျတော်တို့နေထိုင်နေတဲ့ dimention ဟာ 4dimension မှာဖြစ်ပါတယ်။ဘာလိုလဲဆိုတော့ အလျား၊အနံ၊အမြင့်ဆိုတဲ့ ရုပ်ဒိုင်းမင်းရှင်းနဲ့ အချိန် time ဆိုတဲ့ ဒိုင်းမေးရှင်း 4ခုပေါင်းထားသောကြောင့်ဖြစ်သည်ဟု သချာင်္ရုပဗေဒပညာရှင်တွေက ရှင်းပြထားပါတယ်။ထို့ကြောင့် အဲ့ဒီအချိန်က dimention ဆယ်ခုဆိုတာ လက်မခံနိုင်ဖွယ်တွေပေါ့။
၁၉၇၃ ခုနှစ်တွင် John Schwarz ဆိုသူက  သီအိုရီရဲ့ ညီမျှခြင်းများကို ချိန်ညှိရင်းမထင်မှတ်ထားသော String theory ကဖော်ညွန်းသည့် Massless Particle Graviton ကို တွေ့ရှိခဲ့သည်။graviton ဆိုသည်မှာ ရှေ့မှာပြောခဲ့သလို ဒြပ်ဆွဲအားကို သယ်ဆောင်သောအမှုန်လေးတွေပါ။ကျန်တဲ့ Force သုံးမျိုးနည်းတူ gravity ကိုလဲ graviton က သယ်ဆောင်တယ်ပေါ့။String တွေဟာ အလွန်သေးငယ်တဲ့ quatuam level တွေမှာ gravity ကိုရှင်းပြနိုင်ရင် ကျန်ရှိသောအားသုံးမျိုးနှင့်ပေါင်းစည်းရန် လွယ်ကူသောအခြေအနေသို့ရောက်ရှိသွားပြီ ဖြစ်သည်။သို့သော်လည်း သီအိုရီသည် မပြည့်ဆုံးသေးချေ။ဖြေရှင်းဖို့ရန် အခက်အခဲ များစွာ ကျန်ရှိနေသေးသည်။နောက်တော့၁၉၈၄ခုနှစ် တွင် Schwarz သည် Michael Green ဆိုသော ပညာရှင်နှင့်တွဲဖက်ပြီး String Theory ကို ပြည့်စုံစွာ တွက်ချက်နိုင်ခဲ့သည်။String Theory မှာမှားယွင်းတဲ့ တွက်ချက်ခြင်း မရှိတော့ပါဘူး။အကုန်လုံးနီးပါး ပြည့်စုံသွားခဲ့ပါပြီ။graviton  ကိုလဲသချာင်္နည်းအရ သက်သေပြနိုင်ပြီပေါ့။
String Theory ၏ဖော်ပြချက်များ
String Theory ဖော်ပြချက်အရအခြေခံအကျဆုံး အမှုန့်လေးများကို သေးငယ်သောစွမ်းအင်မြင့် ကြိုးမျှင်လေးများ (Planck Length- 10 -33 cm ) ဖြင့် ဖွဲ့စည်းထားသည်ဟုဆိုသည်။ ကြိုးမျှင်လေးများသည် မတူညီသော frequency များဖြင့် ရွေ့လျားသောအခါ မတူညီသော particle များ၏ဂုဏ်သတ္တိကိုဖြစ်ပေါ်စေသည်။ဆိုလိုသည် မှာ အခြေခံအမှုန်လေးများသည် စွမ်းအင်မြင့်ကြိုးမျှင်လေးများ၏ မတူညီသော တုန်ခါမူကြောင့်ဖြစ်လာသည်ဟုဆိုသည်။
gravity ကိုသယ်ဆောင်သော graviton သည် လည်း ထိုသီအိုသီက ဖော်ညွန်းသော massless particle ပင်ဖြစ်သည်။ထို့ပြင် graviton    wave amplitude  ကို zero အဖြစ်ယူဆထားသည်။အကယ်၍ atom တစ်လုံးကို Mickey Way Galaxy တခုစာ ချဲလိုက်ပါက ထိုကြိုးမျှင်များသည် ကမ္ဘာပေါ်ရှိ ဝါးပင်တစ်ပင်စာလောက်ပင် ရှိပေသည်။ယခုဆိုလျှင်ဤသီအိုရီကြီးသည် ခန်းနားစွာထွက်ပေါ်ထွက်လာပေသည်။ဤသည်သာ မကသေးချေ နောက်ထပ် ပညာရှင်များ၏ ဝိုင်းဝန်းတွက်ချက်မူကြောင့် ပုံစံ မျိုးပင် ကွဲပြားသွားခဲ့သည်ယင်းတို့သည် -  type I, type IIA, type IIB, Heterotic E8 X E8( or HE), and Heterotic SO(32) (orHO) ဟူ၍ဖြစ်သည်။

ထို့သီအိုရီများထဲတွင် တချိုသည် သရေကွင်းပုံ အပိတ် အဖွင့် loop များဖြစ်သော်လည်း တချို့သည အပိတ် loop များသာ ဖြစ်သည်ဟု ဆိုသည်ထိုပြင် တချို့ သီအိုရီများတွင် dimension 10 ခု ရှိသလို တချို့တွင်  5ခုသာ ရှိသည်။အတိုင်းထက်အဆုံး dimension 26 ခု ပင်ပါရှိသော သီအိုရီ  ပါရှိသေးသည်။
ဤသို့ ခွဲထွက်နေသော သီအိုရီ ခုနှင့် gravity တို့ကို မည်သူကများ ပေါင်းစည်းနိုင်မည်နည်း။ထို့ပြင် ထိုရှုပ်ထွေးလွန်းလှသော
သီအိုရီတွေကို ဘယ်လိုများပေါင်းစည်းမလဲ ဘာတွေများဖြစ်ကုန်မလဲဆိုတာကတော့……………………………….
                                                                                                                                       

Saturday, May 31, 2014

What is gravity?


Gravity ဆိုသည်ကို ၉တန်းကျောင်းသားသွားမေးတောင် သိသေးတယ် ဟုအလွယ်တကူပြောနိုင်ပါတယ်။ သို့ပေမယ့် ဤလောက်မလွယ်လှပေ။ ယခုအချိန်ထိရှင်းပြမနိုင်သော ပြသာနာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။သိပ္ပံပညာရှင်များ ခေါင်းစားနေသော အရာတစ်ခုဖြစ်သလို အခက်အခဲကြီးတစ်ခုလည်းဖြစ်နေသည်။ယခုထက်ထိ မည်သူမှတိတိကျကျ မသိသေးပေ။
ကဲဒါဆို Gravity က ဘယ်ကစခဲ့သလဲ။
(1).Issac Newton.1665
ပန်းသီး ဟုပြောလိုက်လျှင် လူတိုင်းသိကျပါတယ်။ပန်းသီးတစ်လုံး၏ပြသာနာသည်ယခုထက်ထိ ပဟေဋိတစ်ခုဖြစ်နေသည်။Newtonက သူ့မိခင်၏ ဥယျာဉ်အတွင်း ကြွေကျလာသော ပန်းသီးတစ်လုံးကို ကြည့်ရင်း Gravity ၏ဥပဒေသများကို ဖော်ထုတ်ရရှိခဲ့သည်ဆိုသော အဖြစ်သည်ဒဏ္ဍာရီဆန်ဆန်ဖြစ်နေသည်။ အမှန်တကယ်တွင် Newtonကိုယ်တိုင် ကသူ၏အတ္ထုပ္ပတ္တိကို ရေးသားမည့်သူငယ်ချင်းအား ပြောပြခဲ့ခြင်းဖြစ်သည်။ထိုအချိန်က Newton စဉ်းစားနေသည်မှာ ကမ္ဘာဆွဲအားသည် ကမ္ဘာကိုကျော်လွန်ပြီး လအထိရောက်နိုင်မရောက်နိုင်ဖြစ်သည်။
နောက်ဆုံးတွင် Newtonသည် ပန်းသီးကဲ့သို မြေပေါ်သို့ ကျဆင်းနေသော အရာဝတ္ထုတစ်ခု၏ accelerationကို လ၏ centripetal forceနှင့် နှိုင်းယှဉ်ကြည့်ရာ အဖြေကိုတွေ့ရှိခဲ့သည်။ဤသိုဖြင့်
ကမ္ဘာ၏ဒြပ်ဆွဲအားက လကို ကမ္ဘာပတ်လမ်းအတွင်း ရှိနေအောင်ဆွဲထားခြင်းဖြစ်ကြောင်းတွေ့ရှိခဲ့သည်။ ဤနည်းတူစွာပင် ဂြိုလ်အားလုံးကိုနေပတ်လမ်းကြောင်းအတွင်း ဆွဲထားသောအားမှာလည်း နေ၏ဒြပ်ဆွဲအားပင်ဖြစ်ကြောင်းသိရှိခဲ့သည်။ ထိုကြောင့် Newton က ''စကြာဝဠာအတွင်း မည့်သည့်Matterနှစ်ခုမဆို တစ်ခုနှင့်တစ်ခု ဆွဲငင်နေသည်။ဆွဲငင်နေသောForce သည် Gravity Force ဖြစ်သည်။''ဟု Gravity ကို ပုံဖော်ခဲ့သည်။Newton၏ Gravityသည် ၂၀ရာစုအစပိုင်းထိ သိပ္ပံပညာရှင်များအားလုံးလက်ခံခဲ့ရသည် နာမည်ကြီး ဥပဒေသတစ်ခုဖြစ်နေခဲ့သည်။သိုသော် သူ၏ဥပဒေသသည် Gravity ကို ပြည့်ဆုံစွာ ပုံဖော်နိုင်ခြင်းမရှိခဲ့ချေ။
(2)Albert Einstein.
ဒီလိုနဲ့၂၀ရာစုထဲသို့ရောက်လာခဲ့ပါပြီ။သိပ္ပံပညာတွေလွန်စွာထွန်းကားလာခဲ့ပါပြီ။ ဤအတောတွင်းမှာပဲ ပညာရှင်အားလုံးကို အံအောသင်စေခဲ့သော Einstein ရဲ့ Relativity Theory က တခန်းတနားပေါ်ထွန်းခဲ့သည်။ဒြပ်ဆွဲအားနှင့်ပတ်သက်ပြီး Relativity ကဖော်ထုတ်ပြသမှုသည်
Space အတွင်းရှိ Matterများနှင့်Energyများသည် ယင်းတည်ရှိရာ အာကာသ၏Space time ကို ကွေးစေသည် ဟု၍ဖြစ်သည်။အမှန်စင်စစ် ဒြပ်ဆွဲအားဆိုသည်မှာ လူများက ကြီးမားသော အရာဝတ္ထုများ အနီးတွင် ကွေးနေသော Space time ကို တွေးကြည့်၍ မရ၍ စိတ်ကူးနှင့် တီထွင်ထားသော အမှန်တကယ်မရှိသည့် အားတစ်ရပ်ဖြစ်သည်။အမှန်ကာ Space time ကသာကွေးနေခြင်းဖြစ်သည်။ဤအယူအဆမှန်မမှန် စဉ်းစားကြည့်ကျပါဆို့။
ဥပမာ။ သင်္ဘောသားတစ်ယောက်သည် ကျွန်းတစ်ကျွန်းကို သင်္ဘောဖြင့် တြိဂံပုံစံ အတိုင်းပတ်မည်ဟုယူဆကြည့်ပါ။သူသည် ကျွန်းကို အကွေ့တစ်ကွေ့လျှင်30°ကျပတ်မည်ဟု
စာရွတ်ပေါ်တွင် စကေးအရင်ချလိမ့်မည်။ပြီးမှထိုအတိုင်းအတာအတိုင်းပတ်မည်ဖြစ်သည်။
သိုသော် သူသတိမထားမိသော အချက်သည် ကမ္ဘာကြီးသည် အလုံကြီးဖြစ်သည်ဟု၍ဖြစ်သည်။
ထိုကြောင့် တြိဂံသည် 30°ထက်ပို၍ကြီးမည်။သဘောင်္သားသည်ကျွန်းကို 30°ဖြင့်ပတ်နေသည်ဖြစ်ရာ
နောက်ဆုံးပတ်ပြီးချိန်တွင် ကျွန်းနှင့်ပိုနီးနေမည်ဖြစ်သည်။ထို့ကြောင့်သဘောင်္သားက တစ်ကယ်မဖြစ်နိုင်သော လုပ်ကြံမှုများဖြင့် ကျွန်းနားသိုကပ်သွားသည့်အကြောင်းကိုရှင်းပါလိမ့်မည်။
ဥပမာ။ကျွန်းအောက်တွင် သံလိုက်ဓာတ်ပါရှိသော ပစ္စည်းများစုပုံနေ၍သူ့သင်္ဘောအား ကျွန်းဆီသို့ဆွဲငင်ခြင်လည်းဖြစ်နိုင်ကြောင်း။ထိုအပြင် လေ၏ဦးတည်တိုက်ခိုက်မှုသည် ကျွန်းဘက်သို့ 
ဦးတည်နေ၍သဘောင်္ကိုကျွန်းဘက်သို့ဆွဲခေါ်သွားခြင်းဖြစ်ကြောင်းလည်းရှင်းပြနိုင်သည်။
ဤသိုပင် Space time ကွေးနေခြင်းကို မတွေးနိုင်သဖြင့် တကယ်မရှိသော အားတစ်ရပ်ကို တည်ထွင်ခဲ့ခြင်းဖြစ်သည်။
Einstein၏ ဒြပ်ဆွဲအားဆိုင်ရာ ရှင်းလင်းမှုသည် Newton၏ရှင်းလင်းမှုထက်ပို၍ယေဘုယျကြသည်ဟုဆိုနိုင်သည်။Newtonကဒြပ်ဆွဲအားသည် ဘာကြောင့်ဖြစ်ပေါ်နေသည်ကို ရှင်းပြနိုင်ခြင်းမရှိပေ။ထိုကြောင့် Einstein၏Gravity ရှင်းလင်းမှုသည်Space time များနှင့်ပတ်သတ်၍ တည့်ကျသော အဖြေကိုပေးနိုင်ခဲ့ပေသည်။
(3)String Theory
ယခုအခါ သိပ္ပံလောကမှာ နာမည်ကြီးနေသော သီအိုရီတစ်ခုဖြစ်သည်။ဤသီအိုရီကဖော်ပြထားသည့်မှာ Particleအားလုံးကို ပို၍ယေဘုယျကျသော သေးငယ်သည့်string များဖြင့်ဖွဲ့စည်းထားသည်ဟု၍ဖြစ်သည်။Particle Physics ဘက်တွင် scientistများသည် Particle collider များတွင်စမ်းသပ်ရင်း particle အသစ်များကိုတွေ့ရှိခဲ့ကြသည်။Particleများသည် ရာနဲ့ချီ၍ထွက်ပေါ်နေကြသည်။ထိုကြောင့် Scientistများက သဘာဝအားလေးမျိုးကို Particleများဖြင့်ရှင်းပြနိုင်လိမ့်မယ်ဟုယုံကြည်လာကြသည်။Strong နဲ့weak Force များကို particle များဖြင့်ရှင်းပြနိုင်သလို Electromegnectic force ကိုလည်းရှင်းပြနိုင်ခဲ့ပါတယ်။သို့သော်Gravity ကျန်နေသေးသည်။သူကိုတော့မရှင်းပြနိုင်သေးပါ။ထိုအချိန်တွင် string theory ဘက်တွင် John Schwarzသည် string theory ရဲ့ Functionများကိုဖြေရှင်းရင်း Gravity ကိုရည်ညွှန်းနေကြောင်းတွေရှိခဲ့သည်။ထိုကြောင့်Gravityကို သေးငယ်သော graviton ဟုခေါ်သည့်particleများက သယ်ဆောင်သည်ဟူ၍ယူဆခဲ့ကြသည်။Gravityကို String Theory က ပုံစံတစ်မျိုးပေးအပ်ခဲ့ပါပြီ။အကယ်၍သာ Graviton တွေသာ ရှာတွေခဲ့မယ်ဆိုရင် ရာစုနှစ်ပေါင်းများစွာ
မဖော်ထုတ်နိုင်သော ပဟေဋိကြီးကိုဖော်ထုတ်နိုင်သွားပြီဖြစ်သည်။ယခုထိတော့ရှာမတွေ့ ပေမယ့် အသည်းအသန်ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။Gravitonသည်ယနေ့ရှာမတွေ့သောလည်း မနက်ဖန်ရှာတွေ့နိုင်ပေသည်။ထို့ကြောင့်Newton၏ပန်းသီးတစ်လုံးသည်ကား ယခုချိန်ထိလျှိဝှက်နေဆဲ ဖြစ်ပေသည်။




Friday, May 30, 2014

နေစကြာဝဠာကိုဖြတ်ကာ အာကသထဲခရီးသွားနေကြသော
တခြားအရာဝတ္တုများထဲတွင် ဂြိုလ်ပဲ့များ ကြယ်ပျံများ
ကြယ်တံခွန်များ ပါဝင်သည်။သူတို့သည် ညကောင်းကင်ယံတွင် တောက်ပသော
အလင်းများကိုပေးလျက်ရှိသည်။ ထိုပြင် စကြာဝဠာ၏ မူလအစနှင့်ပတ်သတ်သော
အချက်အလက်များကိုလည်း သိပ္ပံပညာရှင်များထံပေးလျက်ရှိသည်။
သိပ္ပံပညာရှင်များယုံကြည်ထားသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းလောက်က
ဂြိုလ်ပဲ့ဝင်တိုက်မှုဖြစ်ရပ်ကြောင့် ဒိုင်နိုဆောများ မျိုးတုံးသွားသည်ဟူ၍ဖြစ်သည်။
ဖြစ်ပေါ်လာသော ချိုင့်ဝှမ်းကြီးကို Chixulub Basin ဟုခေါ်ဝေါ်ခဲ့ပြီး မက္ကဆီကိုမှာရှိသည်။
ထိုဝင်တိုက်မှုကြောင့် ဖြစ်ပေါ်လာသော ချိုင်ဝှမ်းကြီးမှာ ၃၀၀ကီလိုမီတာအကျယ်ရှိပြီး တစ်စိတ်တပိုင်းမှာ ပင်လယ်ရေအောက်ရောက်နေပါသည်။ဤဝင်တိုက်မှုကြောင့် ကြီးမားသောရာသီဥတုပြောင်းလဲမှုများ ဖြစ်လာခဲ့ရာကာ ကမ္ဘာပေါ်က သက်ရှိများ၏ အခြေအနေများမှာလည်း ပြောင်းလဲခဲ့သည်။နှစ်သန်းပေါင်း ၅၀ တိုင်းမှာ ဂြိုလ်ပဲ့တစ်ခု၏ အရွယ်အစားသည် အကျယ် ၁၀ကီလိုမီတာထက်များပြီ ကမ္ဘာကိုတိုက်ခဲ့သည်ပမာဏဟု ယူဆနိုင်သည်။ဂြိုလ်ပဲ့များနှင့် ကြယ်ပျံများသည် ကမ္ဘာ၏ဘေးက တစ်ခါတစ်ရံ ဖြစ်သွားကြသည်။
ကမ္ဘာကိုလည်းအချိန်မရွှေး ဝင်တိုက်နိုင်ပါသည်။သို့ရာတွင်အများအားဖြင့်အလွန်သေးငယ်ပြီးကမ္ဘာလေထုထဲ ဝင်လာတာနှင့်လောင်ကျွမ်းသွားပါသည်။
ကြယ်များမွေးဖွားခြင်း

ကြယ်တွေမွေးဖွားပုံနဲ့ပတ်သတ်ပြီး 17 ရာစုအထိ
သိပ္ပံနည်းကျတွေးခေါ်နိုင်ခြင်းမရှိခဲ့ပါ။
18 ရာစု အလယ်လောက်မှာ Immanuel Kant နဲ့ Pierre de Laplace တို့က ယခုချိန်ထိလက်ခံထားသော ကြယ်များပေါက်ဖွားပုံ သဘောတရားကို စတင်ဖော်ထုတ်နိုင်ခဲ့တယ်။
Kant နှင့် Laplace တို့က ကြယ်များသည် အာကာသဓာတ်ငွေ့များနှင့်ဖုန်မှုန့်များ လည်ပတ်မှုနှင့် ကျုံဝင်မှုကြောင့်ဖြစ်နိုင်သည်ဟု အဆိုပြုခဲ့ကျသည်။
ယခုနောက်ပိုင်းလေ့လာချက်များကလည်း သူတို့၏အဆိုကိုမုန်ကန်ကြောင်းထောက်ပြနေကြသည်။
ဒါဆိုကြယ်တွေ ဘယ်လိုပေါက်ဖွားနေကြသလဲ။
ကြယ်တွေဟာအာကာသထဲကNebulaeလိုခေါ်တဲ့ဖုန့်မှုန့်များနှင့် ဓာတ်ငွေ့လုံးများဖြင့်စုစည်းထားသော
ဧရာမ မော်လီကျူလာတိမ်တိုက်တွေထဲက ပေါက်ဖွားလာပါတယ်။ မော်လီကျူလာတိမ်တိုက်ဟုခေါ်သည်မှာ ထိုတိမ်တိုက်များထဲတွင် Atom များအစား Molecule များပါဝင်ဖွဲ့စည်းထားသောကြောင့်ဖြစ်သည်။ဥပမာ။ ။ Hydrogen နှင့် Helium ဓာတ်ငွေ့များ
တိမ်တိုက်ကြီးများသည် အရွယ်နှင့် ဒြပ်ထုအရ အမျိုးစားအမျိုးမျိုးကွဲပြားသည်။ တစ်ဖက်နှင့်တစ်ဖက် 10 pc အထိကျယ်ဝန်းပြီး ဓာတ်ငွေ့နှင့်အမှုန်ဒြပ်ထုသည် နေ၏ဒြပ်ထုထက်တစ်သန်းဆပိုမိုပါဝင်ဖွဲ့စည်းထားကြသည်။အသေးစိတ်စစ်ဆေးကြည့်ရာတွင် တိမ်တိုက်ကြီးများသည် ပို၍ပို၍သေးငယ်ပြီး သိပ်သည်းမှုအလွန်ကြီးသော ဓာတ်ငွေ့အစိုင်အခဲများဖြင့်
ဖွဲ့စည်းထားသည်ကိုတွေ့ရသည်။ဓာတ်ငွေ့အစိုင်အခဲတစ်ခုစီသည် pc အနည်းငယ်မှသာကြီးမားပြီး
ဒြပ်ထုပမာဏသည် နေ၏ဒြပ်ထုထက်အဆပေါင်း 1000မှ 10000ထိ ပါဝင်ဖွဲ့စည်းထားသည်။ထိုဓာတ်ငွေ့အစိုင်အခဲများအတွင်းတွင် အပူချိန်သည် 0 degree အောက် 10K အထိအေးခဲနေကြသည်။
ကြယ်မွေးဖွားမှုများအတွက်အရေးပါသောအရာမှာ ထိုဓာတ်ငွေ့အစိုင်အခဲများတစ်ခုစီ၏အလယ်တွင်
တည်ရှိနေကြသော အသိပ်သည်းဆုးံဖြစ်သည့် အနှစ်များပင်ဖြစ်ကြသည်။အနှစ်များသည်သိပ်သည်းမှုများရာ ဒြပ်ဆွဲအားကြောင့် ပြိုကျမှုများဖြစ်ပေါ်လာသည်။ပြိုကျမှုဆိုသည်မှာ အနှစ်သည် မိမိပတ်ဝန်းကျင်ရှိ ဓာတ်ငွေ့များနှင့်ဖုန်မှုန့်များကို ဆွဲငင်ပြိုကျခြင်းဖြစ်သည်။သိပ္ပံပညာရှင်များခေါင်းစားနေသည်မှာ
ပြိုကျမှုသည်ဘာကြောင့်ဖြစ်ပေါ်ရသလဲဟူသောအချက်မဟုတ်ဘဲဘာကြောင့်နှေးကွေးစွာဖြစ်ပေါ်နေရသလဲဟူသော အချက်ဖြစ်သည်။တစ်စုံတစ်ရာကဤဖြစ်စဉ်ကိုနှောင်နှေးအောင်ပြုလုပ်နေလို့ဖြစ်လိမ့်မည်။မည်သည်က
ပြုလုပ်နေသနည်း။အခုထက်ထိမည်သူမှ တိတိကျကျမသိကျသေးပါ။သို့ပေမယ့် တချို့သိပ္ပံပညာရှင်များက သံလိုက်စက်ကွင်းတွေ၏အားသက်ရောက်မှုကြောင့်ဖြစ်သည်ဟုလည်းယူဆကြသည်။
အကယ်၍သာ အနှစ်ပြိုကျမှုသည် ယခုနှုန်းထက်ပိုမြန်ခဲ့ပါက ဂလက်ဆီအတွင်းကြယ်များပိုများလာစရာအကြောင်းရှိသည်။ပြိုကျမှုသည် အပြင်နားမှာထက်အနှစ်တွင်ပိုမိုလျင်မြန်စွာ ဖြစ်ပေါ်သည်။ အကျိုးဆက်အနေနှင့် သိပ်သည်းမှုပိုများလာပြီး ဒြပ်ထုပမာဏပိုမိုစုစည်းလာသည်။ ထိုအချိန်တွင် အနှစ်သည် ကြယ်လောင်းတစ်လုးံဖြစ်ရန်အချိန်တန်လာသည်။ တိမ်တိုက်အနှစ်ပြိုကျမှုက ဒြပ်ဆွဲအားစွမ်းအင်များထုတ်လွှင့်ပေးသည်။ ဓာတ်ငွေ့နှင့်ဖုန်မှုန့်များ၏အရှိန်ကြောင့် အရွေ့စွမ်းအင်တိုးလာသည်။ တစ်ချိန်ထဲမှာပင် ယင်းကိုနှေးစေသောပွတ်မှုအားက စွမ်းအင်ကို အပူအဖြစ်သို့ ပြောင်းပေးသည်။ ကြယ်လောင်းသည် ဒိုးယိုပေါက်မြင်နိုင်သည့် အခြေအနေတွင်
ရှိသဖြင့် ထိုစွမ်းအင်အားလုံးကို Ulfra red Radiation အဖြစ် အာကာသအတွင်းသို့ လွှင့်ထုတ်လိုက်သည်။ ထိုကြောင့်အနှစ်ဆံသည် အေးနေဆဲဖြစ်သည်။ တိမ်တိုက်သည် အေးနေသဖြင့် အပူချိန်နှင့်တိုက်ရိုက်အချိုးကျသော ဓာတ်ငွေ့ဖိအားကလည်း များစွာမမြင့်တတ်ပေ။
ထို့ကြောင့် ဓာတ်ငွေ့ဖိအားသည် ဒြပ်ဆွဲအားကို ဆန့်ကျင်ပြီး တိမ်တိုက်ပြိုကျမှုကို မတားဆိးနှိင်ပေ။
အကျိုးဆက်အနေနှင့် ဓာတ်ငွေ့နှင့်ဖုန်မှုန့်များကို ဒြပ်ဆွဲအားက ဆွဲနိုင်လျှင် ဆွဲနိင်သလောက် ပြိုကျမှု ဖြစ်ပေါ်ရာ ကြယ်လောင်းသည် သိပ်သည်းမှုတိုးပွားလာသည်။
နောက်ဆုံးတွင် ဖုန့်မှုန့်များနှင့် ပိတ်သွားပြီး ဒိုးယိုပေါက်မမြင်နှိုင်တော့ပါ။
ထို့ကြောင့်အနှစ်ကိုအေးမြစေသော Ulfra red Radition ထုတ်လုပ်မှုနည်းပါးသွားသည်။
အပူချိန်နှင့် ဖိအားများတတ်လာသည်။မကြာမီ အတွင်းမှဖိအားသည် ကြယ်လောင်း၏အလေးချိန်ကို
ဟန်ချက်ညီအောင်ထိန်းထားနိုင်ပြီး ပြိုကျမှုကိုရပ်တန့်လိုက်သည်။ယခုအခါတိမ်တိုက်အတွင်းသားများသည် ကြယ်တစ်လုံးနှင့် တူလာပေသည်။ တိမ်တိုက်သည် စဖြစ်ခါစတွင် ဒြပ်သားပမာဏ 1%သာရှိသည်။
သိုသော် မျက်နှာပြင်အပေါ်ပိုင်းတွင် ပြိုကျမှုကြောင့် ဒြပ်သားများစုစည်းနေပေသည်။
ပြိုကျမှုသည် ထာဝရဖြစ်နေမည်မဟုတ်ဘဲ အဆုံးတစ်နေ့တွင်ပြီးဆုံးသွားသည်။
ဤသည်ကား solar wind ကဲ့သို့ ပြင်းထန်သော plasma တစ်ခုပေါ်ပေါ်က်လာပြီး ရုပ်ပစ္စည်းများဝင်တိုက်နေမူကို ရပ်ပြစ်လိုက်သည်။ ကြယ်လောင်းသည် ကိုယ်ပိုင်ဒြပ်ထုတစ်ခုထူထောင်မိရာ ကြယ်ဟုခေါ်ဆိုနိုင်ပြီဖြစ်သည်။ရုပ်ပစ္စည်းများကို ရပ်တန့်စေခဲ့သော plsamaကပင် ပတ်ဝန်းကျင်၌ရှိနေသော ဓာတ်ငွေ့များနှင့် ဖုန့်မှုန့်များကို အဝေးသို့ဖယ်ရှားပစ်သည်။ထိုအခါမှကြယ်တစ်လုံးအသွင်ဖြင့်မြင်ရပြီဖြစ်သည်။
သို့သော် မျက်နှာပြင်မှစွမ်းအင်ပမာဏဖြင့်သာလောင်ကျွမ်းနေခြင်းဖြစ်သည်။
ထိုကြောင့် အတွင်းပိုင်းမှNuclear ဓာတ်ပြုမှုဖြစ်စေပြီး လုံလောက်သောစွမ်းအင်ကိုရရန် ကြယ်လောင်းသည် ကျုံဝင်ရပြန်သည်။ဤကျုံဝင်မှုကို ကယ်ဗင်-ဟမ်ဟို့ဇ် ကျုံဝင်မှုဟုခေါ်သည်။
Helium အဖြစ်သို့ Hydrogen nucleus များပေါင်းခြင်းက လိုအပ်သော စွမ်းအင်ကို ထောက်ပံ့ပေးနိုင်သည့် အချိန်ကျမှသာကျုံဝင်မှု ရပ်တန့်သွားသည်။Nuclear စွမ်းအင်သည် ကြယ်၏စွမ်းအင်အရင်းအမြစ်ဖြစ်လာချိန်တွင် ကြယ်သည် ပင်မကြယ်စဉ်အစင့်သို့ရောက်ရှိသွားပြီဖြစ်သည်။

Subscribe to RSS Feed Follow me on Twitter!